ရည္းစားေဟာင္းနဲ႔ ေတြ႕ရင္ခဲ့ရင္ဒါေလးေတြေတာ့ေျပာျဖစ္ေအာင္ေျပာလိုက္ပါ

သို႔ ….

တစ္ခ်ိန္တုန္းက (အခု ဘာမွမဆိုင္ေတာ့တဲ့) ရည္းစားေဟာင္းေရ…

ငါတို႔ေတြ ဘယ္ေတာ့မွ စကားေျပာၾကေတာ့မွာမဟုတ္ဘူး ဆိုတာေတာ့ ေသခ်ာတယ္။

ငါလည္း မေျပာခ်င္ေတာ့ပါဘူး။ ဒါေပမဲ့ ဒါေလးေတြကိုေတာ့ ငါကနင့္ကို ေျပာျပခ်င္ေသးတယ္ဟာ…

၁။ ေက်းဇူးပါ…

ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္နဲ႔ ေနာက္ဆုံး ျပတ္သြားတဲ့အတြက္ ေက်းဇူးတင္တယ္။ ဘာလို႔လဲဆိုေတာ့ ငါ အရင္ကလို ေပ်ာ့ညံ့တဲ့မိန္းမ မဟုတ္ေတာ့ဘူး။ ျပတ္သားလာၿပီ။ ငါ့ကို အၿမဲတမ္း သိမ္ငယ္ေအာင္လုပ္ခဲ့တဲ့ နင့္ေဘးကေန ထြက္လာေတာ့မွ ငါက ဘယ္ေလာက္ အဖိုးတန္တယ္ဆိုတာ သိလာရၿပီေလ။

၂။ သင္ခန္းစာရခဲ့တယ္…

ဟုတ္တယ္ နင္ေပးတဲ့ သင္ခန္းစာေၾကာင့္ ကိုယ့္ကို အဆိပ္အေတာက္ျဖစ္ေစမယ့္လူကို မခ်စ္ဖို႔ ငါနားလည္သြားတယ္။ ငါ ဘာေတြမွားခဲ့တယ္ ဆိုတာလည္း သိသြားတယ္။ နင့္ေၾကာင့္ ငိုခဲ့ရတဲ့ မ်က္ရည္ေတြလည္း ေျခာက္ခမ္းသြားၿပီ။ ငါ့ကို တန္ဖိုးထားၿပီး ခ်စ္မယ့္လူကို ေ႐ြးခ်ယ္ဖို႔ နားလည္သြားၿပီေလ။

၃။ ေယာက္်ားေကာင္း တစ္ေယာက္က ဘာဆိုတာ သိခြင့္ရလို႔ ေက်းဇူးတင္တယ္…

တကယ့္ ေယာက္်ားေကာင္းတစ္ေယာက္ဆိုတာ မိန္းမတစ္ေယာက္အေပၚ အႏိုင္မယူဘူး။ ျပတ္သားတယ္။ မွားရင္မွားတယ္လို႔ ဝန္ခံရဲတယ္။ တာဝန္ယူစိတ္ရွိတယ္။ နင္ကေတာ့ ဘာျဖစ္ျဖစ္ နင္မွန္တယ္လို႔ပဲ ေတြးခဲ့တာေလ။ နင္ငါ့အေပၚ အႏိုင္ပဲလိုခ်င္ခဲ့တာ။

၄။ နင့္ရဲ႕ ေနာက္လူအတြက္ ငါစိတ္မေကာင္းပါဘူး

ငါကေတာ့ နင္ေပးတဲ့ သင္ခန္းစာေတြနဲ႔ ပိုေကာင္းတဲ့ အနာဂတ္ကို ကိုယ္တိုင္ တည္ေဆာက္ရေတာ့မွာ။ နင့္ရဲ႕ ေနာက္လူအတြက္ေတာ့ ငါတကယ ္စိတ္မေကာင္းဘူး။ နင့္လိုမ်ိဳး အတၱႀကီးၿပီး ေယာက္်ားမပီသတဲ့လူကို ခ်စ္ရတဲ့ သူ႔ခမ်ာ ပင္ပန္းစိတ္ဆင္းရဲ ရေတာ့မွာေလ။ ငါကေတာ့ သူ႔အေပၚ သနားမိ႐ုံကလြဲၿပီး ဘာစိတ္မွမရွိဘူးဆိုတာ နင္သိေအာင္ ေျပာလိုက္ခ်င္ပါရဲ႕။ Source:Duwun

Unicode Version

ရည်းစားဟောင်းနဲ့ တွေ့ရင်ခဲ့ရင် ဒါလေးတွေတော့ ပြောဖြစ်အောင်ပြောလိုက်ပါ

သို့

တစ်ချိန်တုန်းက (အခု ဘာမှမဆိုင်တော့တဲ့) ရည်းစားဟောင်းရေ

ငါတို့တွေ ဘယ်တော့မှ စကားပြောကြတော့မှာမဟုတ်ဘူး ဆိုတာတော့ သေချာတယ်။

ငါလည်း မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒါလေးတွေကိုတော့ ငါကနင့်ကို ပြောပြချင်သေးတယ်ဟာ…

၁။ ကျေးဇူးပါ

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး ပြတ်သွားတဲ့အတွက် ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ငါ အရင်ကလို ပျော့ညံ့တဲ့မိန်းမ မဟုတ်တော့ဘူး။ ပြတ်သားလာပြီ။ ငါ့ကို အမြဲတမ်း သိမ်ငယ်အောင်လုပ်ခဲ့တဲ့ နင့်ဘေးကနေ ထွက်လာတော့မှ ငါက ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သိလာရပြီလေ။

၂။ သင်ခန်းစာရခဲ့တယ်…

ဟုတ်တယ် နင်ပေးတဲ့ သင်ခန်းစာကြောင့် ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေမယ့်လူကို မချစ်ဖို့ ငါနားလည်သွားတယ်။ ငါ ဘာတွေမှားခဲ့တယ် ဆိုတာလည်း သိသွားတယ်။ နင့်ကြောင့် ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း ခြောက်ခမ်းသွားပြီ။ ငါ့ကို တန်ဖိုးထားပြီး ချစ်မယ့်လူကို ရွေးချယ်ဖို့ နားလည်သွားပြီလေ။

၃။ ယောက်ျားကောင်း တစ်ယောက်က ဘာဆိုတာ သိခွင့်ရလို့ ကျေးဇူးတင်တယ်

တကယ့် ယောက်ျားကောင်းတစ်ယောက်ဆိုတာ မိန်းမတစ်ယောက်အပေါ် အနိုင်မယူဘူး။ ပြတ်သားတယ်။ မှားရင်မှားတယ်လို့ ဝန်ခံရဲတယ်။ တာဝန်ယူစိတ်ရှိတယ်။ နင်ကတော့ ဘာဖြစ်ဖြစ် နင်မှန်တယ်လို့ပဲ တွေးခဲ့တာလေ။ နင်ငါ့အပေါ် အနိုင်ပဲလိုချင်ခဲ့တာ။

၄။ နင့်ရဲ့ နောက်လူအတွက် ငါစိတ်မကောင်းပါဘူး

ငါကတော့ နင်ပေးတဲ့ သင်ခန်းစာတွေနဲ့ ပိုကောင်းတဲ့ အနာဂတ်ကို ကိုယ်တိုင် တည်ဆောက်ရတော့မှာ။ နင့်ရဲ့ နောက်လူအတွက်တော့ ငါတကယ ်စိတ်မကောင်းဘူး။ နင့်လိုမျိုး အတ္တကြီးပြီး ယောက်ျားမပီသတဲ့လူကို ချစ်ရတဲ့ သူ့ခမျာ ပင်ပန်းစိတ်ဆင်းရဲ ရတော့မှာလေ။ ငါကတော့ သူ့အပေါ် သနားမိရုံကလွဲပြီး ဘာစိတ်မှမရှိဘူးဆိုတာ နင်သိအောင် ပြောလိုက်ချင်ပါရဲ့။

Source:Duwun