ေရ မွာ မွတ္ဉာဏ္ရွိတယ္၊ water memory လို႕ေခၚတယ္တဲ့

ေရ မွာ မွတ္ဉာဏ္ရွိတယ္၊ water memory လို႕ေခၚတယ္တဲ့

molecule memory ေမာ္လီက်ဴး ေတြ နဲ႕ မွတ္တာ လို႕ ဆိုပါတယ္။ အဆိုးေတြကိုမွတ္တမ္းတင္ထားတဲ့ေရ ကိုေသာက္မိရင္ ကမၼဇီဝ႐ုပ္ ကိုထိခိုက္တယ္တဲ့။

ဒါဟာသိပၸံနည္းက် စမ္းသပ္ေတြ႕ရွိထားတာ မို႕ အံ့ၾသမိပါတယ္။ ယူက်ဴ႕ မွာ ႏိုဘယ္ဆုရပုဂၢိဳလ္တဦးအပါအဝင္ ပညာရွင္ေတြေဆြးေႏြးထားတာကို တနာရီနီးပါးၾကည့္မိတယ္။ သိပၸံလြန္ကိစၥေတြမို႕ မယံုခဲ့သလို ဒီလို ေလ့လာခ်က္ေတြ တခါမွ မယံုခဲ့ဘူး။ အခုေတာ့ နည္းနည္းယံုခ်င္ခ်င္ျဖစ္လာတယ္။

ေရဟာ သူ႕ကို ျဖစ္ညႇစ္ၿပီး ပိုက္အဆင့္ဆင့္ နဲ႕ ထြန္းထုတ္ တိုးထြက္လာရရင္ အဲ့ဒီေရဟာ ေသလုေျမာပါးျဖစ္ေနတဲ့ေရ၊ ေသာက္ဖို႔မသင့္ေတာ္ဘူး၊ မိနစ္ႏွစ္ဆယ္ေလာက္အနားေပးရမယ္တဲ့၊

ေရတံခြန္ေတြက စီးဆင္းလာတဲ့ေရဟာကိုင္ၾကည့္ရင္ ပိုးလိုပဲႏုညံ့တယ္တဲ့။ ေမာလီက်ဴးတည္ေဆာက္ပံု ေသးငယ္သစ္လြင္တဲ့ေရေတြဟာ အသက္ရွည္အနာမဲ့တယ္။ ဟိမဝႏၲာေရခဲျမစ္ေတြက က်လာတဲ့ေရေတြ ဟာ အသက္ရွည္ေစတယ္။

ေရကို ေက်းဇူးတင္စကား ေျပာၿပီးမွ ေသာက္ရင္ ေရထဲက ေမာ္လီက်ဴး တည္ေဆာက္ပံုေျပာင္းသြားတယ္ တဲ့။ ေရဟာ သူျဖတ္သန္းခဲ့သမွ် အေကာင္းအဆိုး အေျခအေနေတြကို မွတ္ထားတယ္ တဲ့။

ကြ်န္ေတာ္တို႕ ေတာင္တန္းသာသနာျပဳဆရာေတာ္ႀကီး ပရိတ္ရြတ္ရင္ ေရထပြက္တယ္ ဆိုတာ သူ႔ စင္ၾကယ္မႈေတြ အာနိသင္ေတြ ေရထဲကိုေပ်ာ္ဝင္စီးဆင္းတာထင္ပါရဲ႕။

ေရမန္းနဲ႕တင္ေရာဂါေပ်ာက္တယ္ ဆိုတာလည္း ေရကို မန္းမႈတ္ၿပီး သန္႔စင္တဲ့စြမ္းအင္ထည့္ကုသနည္းတခုေနမွာေပါ့။ ဘာသာတရားအားလံုးဟာ ေရ ကိုအေျခခံၿပီး အသံုးျပဳၾကတာေတာ့ သတိထားမိတယ္။

ဗုဒၶဘာသာက ေရမန္း၊ ခရစ္ယာန္ေတြက ႏွစ္ျခင္း ျဖန္းျခင္း၊ ဟိႏၵဴကေတာ့ အမ်ားႀကီး၊ အစၥလာမ္ကေဆးေၾကာသန္႔စင္ျခင္း။ ေရကို ညပိုင္းမွာ ပန္းေလးတပြင့္ထည့္ထားၿပီး မနက္မိုးလင္းမွ ေသာက္ရင္ သန္႔စင္ၿပီး အားျပည့္တဲ့ေရရတယ္တဲ့။

အိႏၵိယမွာေတာ့ ေရ ကို ေၾကးနီခြက္ေတြနဲ႕ ေသာက္ၾကတယ္၊ ေရရဲ႕ အဆိုးမွတ္ဉာဏ္ ကို ေၾကးနီက သန္႔စင္ေပးတာ ထင္ပါရဲ႕။

ဘီသိုဘင္၊မိုးဇက္ရဲ႕ သီခ်င္းေတြဖြင့္ေပးထားတဲ့ ေရရဲ႕ ေမာ္လီက်ဴ႕ ပံုစံတခုနဲ႕တခု မတူတာလည္း သိပၸံဓါတ္ခြဲခန္းထဲခြဲ ျပတာၾကည့္လိုက္ရတယ္။

သတၱဝါအားလံုးအတြက္အေရးအႀကီးဆံုးဟာေရပါပဲ။ ၿဂိဳလ္တခုကို လူေနလို႕ရ မရ ေလ့လာတဲ့အခါ ေရရွိမရွိ နဲ႕ ဆံုးျဖတ္ၾကတယ္။

ယံုတာ မယံုတာ အပထား၊ ေရသန္႔သန္႔ေအးေအး ကို ပရိတ္တရားေလး၊ သီခ်င္းေအးေအးေလးနဲ႕ ႏွပ္ထားတဲ့ ေရတခြက္ မနက္တိုင္းေသာက္ၾကည့္ေပါ့။

မိုးလင္းရင္ ခႏၶာသန္႔စင္ဖို႔ ေရေသာက္ျဖစ္တဲ့ က်မ္းမာေရးအျမတ္တခု ေတာ့ အနည္းဆံုး ထြက္လာႏိုင္ပါတယ္။

Credit-Kyaw Swa Min

—————————-

ရေ မှာ မှတ်ဉာဏ်ရှိတယ်၊ water memory လို့ခေါ်တယ်တဲ့

molecule memory မော်လီကျူး တွေ နဲ့ မှတ်တာ လို့ ဆိုပါတယ်။ အဆိုးတွေကိုမှတ်တမ်းတင်ထားတဲ့ရေ ကိုသောက်မိရင် ကမ္မဇီဝရုပ် ကိုထိခိုက်တယ်တဲ့။

ဒါဟာသိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားတာ မို့ အံ့သြမိပါတယ်။ ယူကျူ့ မှာ နိုဘယ်ဆုရပုဂ္ဂိုလ်တဦးအပါအဝင် ပညာရှင်တွေဆွေးနွေးထားတာကို တနာရီနီးပါးကြည့်မိတယ်။ သိပ္ပံလွန်ကိစ္စတွေမို့ မယုံခဲ့သလို ဒီလို လေ့လာချက်တွေ တခါမှ မယုံခဲ့ဘူး။ အခုတော့ နည်းနည်းယုံချင်ချင်ဖြစ်လာတယ်။

ရေဟာ သူ့ကို ဖြစ်ညှစ်ပြီး ပိုက်အဆင့်ဆင့် နဲ့ ထွန်းထုတ် တိုးထွက်လာရရင် အဲ့ဒီရေဟာ သေလုမြောပါးဖြစ်နေတဲ့ရေ၊ သောက်ဖို့မသင့်တော်ဘူး၊ မိနစ်နှစ်ဆယ်လောက်အနားပေးရမယ်တဲ့၊

ရေတံခွန်တွေက စီးဆင်းလာတဲ့ရေဟာကိုင်ကြည့်ရင် ပိုးလိုပဲနုညံ့တယ်တဲ့။ မောလီကျူးတည်ဆောက်ပုံ သေးငယ်သစ်လွင်တဲ့ရေတွေဟာ အသက်ရှည်အနာမဲ့တယ်။ ဟိမဝန္တာရေခဲမြစ်တွေက ကျလာတဲ့ရေတွေ ဟာ အသက်ရှည်စေတယ်။

ရေကို ကျေးဇူးတင်စကား ပြောပြီးမှ သောက်ရင် ရေထဲက မော်လီကျူး တည်ဆောက်ပုံပြောင်းသွားတယ် တဲ့။ ရေဟာ သူဖြတ်သန်းခဲ့သမျှ အကောင်းအဆိုး အခြေအနေတွေကို မှတ်ထားတယ် တဲ့။

ကျွန်တော်တို့ တောင်တန်းသာသနာပြုဆရာတော်ကြီး ပရိတ်ရွတ်ရင် ရေထပွက်တယ် ဆိုတာ သူ့ စင်ကြယ်မှုတွေ အာနိသင်တွေ ရေထဲကိုပျော်ဝင်စီးဆင်းတာထင်ပါရဲ့။

ရေမန်းနဲ့တင်ရောဂါပျောက်တယ် ဆိုတာလည်း ရေကို မန်းမှုတ်ပြီး သန့်စင်တဲ့စွမ်းအင်ထည့်ကုသနည်းတခုနေမှာပေါ့။ ဘာသာတရားအားလုံးဟာ ရေ ကိုအခြေခံပြီး အသုံးပြုကြတာတော့ သတိထားမိတယ်။

ဗုဒ္ဓဘာသာက ရေမန်း၊ ခရစ်ယာန်တွေက နှစ်ခြင်း ဖြန်းခြင်း၊ ဟိန္ဒူကတော့ အများကြီး၊ အစ္စလာမ်ကဆေးကြောသန့်စင်ခြင်း။ ရေကို ညပိုင်းမှာ ပန်းလေးတပွင့်ထည့်ထားပြီး မနက်မိုးလင်းမှ သောက်ရင် သန့်စင်ပြီး အားပြည့်တဲ့ရေရတယ်တဲ့။

အိန္ဒိယမှာတော့ ရေ ကို ကြေးနီခွက်တွေနဲ့ သောက်ကြတယ်၊ ရေရဲ့ အဆိုးမှတ်ဉာဏ် ကို ကြေးနီက သန့်စင်ပေးတာ ထင်ပါရဲ့။

ဘီသိုဘင်၊မိုးဇက်ရဲ့ သီချင်းတွေဖွင့်ပေးထားတဲ့ ရေရဲ့ မော်လီကျူ့ ပုံစံတခုနဲ့တခု မတူတာလည်း သိပ္ပံဓါတ်ခွဲခန်းထဲခွဲ ပြတာကြည့်လိုက်ရတယ်။

သတ္တဝါအားလုံးအတွက်အရေးအကြီးဆုံးဟာရေပါပဲ။ ဂြိုလ်တခုကို လူနေလို့ရ မရ လေ့လာတဲ့အခါ ရေရှိမရှိ နဲ့ ဆုံးဖြတ်ကြတယ်။

ယုံတာ မယုံတာ အပထား၊ ရေသန့်သန့်အေးအေး ကို ပရိတ်တရားလေး၊ သီချင်းအေးအေးလေးနဲ့ နှပ်ထားတဲ့ ရေတခွက် မနက်တိုင်းသောက်ကြည့်ပေါ့။

မိုးလင်းရင် ခန္ဓာသန့်စင်ဖို့ ရေသောက်ဖြစ်တဲ့ ကျမ်းမာရေးအမြတ်တခု တော့ အနည်းဆုံး ထွက်လာနိုင်ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*