











“မတွေးပါနဲ့”



ဒါ့ကြောင့်”

ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ
















Crd-ဒိုက်ဒိုက်-မြင်းခြံ

————————–

“ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့စိတ်မညစ်ရအောင် ဒီစာလေးဖတ်ပါနော်….

ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေးပါနဲ့

ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့

ကိုယ့်အပေါ် မကောင်းတဲ့သူတွေအကြောင်း မတွေးပါနဲ့

ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေအကြောင်း မတွေးပါနဲ့

ကိုယ့်ကို ဂရုမစိုက်သူတွေအကြောင်း မတွေးပါနဲ့

ကိုယ့်စေတနာကို နားမလည်သူတွေအကြောင်း မတွေးပါနဲ့

ကိုယ့်အပေါ် သစ္စာ မရှိတဲ့ သူတွေအကြောင်း မတွေးပါနဲ့

ကိုယ့်အပေါ် လိမ်ညာလှည့်စားသူတွေအကြောင်း မတွေးပါနဲ့

ကိုယ့်ကို မုန်းတဲ့ သူတွေအကြောင်းလည်း မတွေးပါနဲ့

ကိုယ့်ကို မချစ်လို့ ကျောခိုင်းထွက်သွားတဲ့ သူတစ်ယောက်အကြောင်း မတွေးပါနဲ့

“မတွေးပါနဲ့”

အဲ့ဒီသူတွေအကြောင်း မတွေးပါနဲ့

အဲဒီအကြောင်းတွေတွေးမိနေသမျှ” ကိုယ့်စိတ်ကို နှိပ်စက်နေလို့” ကိုယ့်မှာ စိတ်ချမ်းသာမှုဆိုတာ ဘယ်တော့မှရနိုင်ဖို့ မလွယ်ပါဘူး

ဒါ့ကြောင့်”

ကိုယ့်စိ်တ်ကို ချမ်းသာအောင် တွေးပါ

နားလည်ပေးနိုင်မယ့်အတွေးသာ တွေးပါ

မေတ္တာပွားနိုင်ဖို့ တွေးပါ

ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့ တွေးပါ

အမုန်းမပွားဖို့ပဲ တွေးပါ

မေတ္တာထားခြင်းသည် အကောင်းဆုံးလက်စားချေခြင်းပါပဲ

ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာကိုယ်ကိုတိုင်သာ ဖြစ်ပါတယ်

တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး

အဲ့ဒီသူတွေကို ကိုယ့်စိတ်ထဲမှာထားပြီး” ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်နေတာပါပဲ

ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့တော့”

လူ့ဘဝက တိုတောင်းလွန်းလှပါတယ်

ခဏတာ ရလာတဲ့ လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှုရအောင် ကိုယ်တိုင်လုပ်ယူဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်

ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ”

အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ”

မနေ့ကလည်း ငိုခဲ့ပြီးပြီ” ဒီနေ့လည်း ငိုခဲ့ပြီးပြီ” မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ကြိုးစားပါ” လူ့ဘဝတိုတိုလေးမှာ အမြဲတမ်းငိုနေရရင် ” လူဖြစ်ရှုံးပါတယ်

“ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့”

Be the first to comment

Leave a Reply

Your email address will not be published.


*