ချစ်သူဘဝမှာ အတူနေဖို့ တခါမှ မတောင်းဆိုလို့ ရိုးသားသူ ဆိုပြီး ကြည်နူးခဲ့သမျှ ၊ မင်္ဂလာဦးညမှာ အသိနောက်ကျပြီး နောင်တရခဲ့ရတဲ့ အမျိုးသမီး
တကယ့်အရေးကြုံမှ လက်တွေ့သိရတာမျိုး ဖြစ်တတ်တာမို့ အိမ်ထောင်ရေး ဆိုတာ ကံစမ်းမဲနှိုက်သလို ပါပဲလားဟု အသိဝင်ထားမှ တော်ကာ ကြမည် ဖြစ်၍ နှလုံးသွင်းကောင်းဖို့ လိုအပ်ကြောင်း ။ ။
crd-
—————————–
ချစ်သူဘဝမှာ အတူနေဖို့ တခါမှ မတောင်းဆိုလို့ ရိုးသားသူ ဆိုပြီး ကြည်နူးခဲ့သမျှ ၊ မင်္ဂလာဦးညမှာ အသိနောက်ကျ နောင်တရခဲ့ရတဲ့ အမျိုးသမီး
သတို့သားက လက်မထပ်ရသေးဘဲ အတူ မနေချင်ဘူး ဘာလို့လဲ ဆိုတော့ သူက အဲ့လို လူစားမျိုး မဟုတ်ပဲ သမာရိုးကျ အေးအေးဆေးဆေး နေတတ်တဲ့သူ ဖြစ်တာကြောင့်ပါ လို့ပဲ ပြောခဲ့တာပါ။
ယနေ့ခေတ် ကာလမှာ သမီးရည်းစား အများစုက တစ်ယောက် အကြောင်း တစ်ယောက် သိနေအောင် လုပ်ထားပြီးတော့မှ လက်ထပ်ဖို့အထိ ဆုံးဖြတ်ကြတာ မျိုးပါ ။ တချို့တလေ ကျတော့လည်း ဘာသာရေး အရ ထုံးလမ်းစဉ်လာတွေ အရ လက်မထပ်ခင် အတူ မနေကြတာ မျိုးတွေလည်း ရှိပါတယ် ။
ဒီစုံတွဲ ကတော့ ဘာသာရေး အယူလည်း မသည်းဘဲနဲ့ ရှေးရိုးအတိုင်း ရိုးရိုးသားသား ချစ်ခဲ့ကြပြီးမှ လက်ထပ်ဖို့ လုပ်ခဲ့တာပါ ။ အခုတော့ သတို့သမီးက သူ့ခင်ပွန်း ဘာလို့ အဲ့လို လက်ထပ်ပြီးမှ နေချင်လဲ ဆိုတာကို မင်္ဂလာဦးညမှာ သိသွားခဲ့ရ ပါပြီ ။ အကြောင်း ကတော့ ခင်ပွန်း အသစ် ချက်ချွတ်လေးရဲ့ဖွားဖက်တော်က ပုချိညှောက်တောက်ကလေး ဖြစ်နေလို့ ပါပဲ ။
သူမ အနေနဲ့ အလိမ် ခံလိုက်ရသလို ခံစားရပြီး သူ့ယောက်ျားက သူ့ကို ရည်ရွယ်ချက် ရှိရှိနဲ့ သူ့ကို ဖုံးကွယ်ထား ခဲ့တယ်လို့ပဲ မှတ်ပါတယ်။ “ ကျွန်မတို့က ၆လ လောက် တွဲကြည့်ပြီးတော့ တရားဝင် ချစ်သူဖြစ်တယ်။ နောက် ၆ လနေတော့ စေ့စပ် လိုက်တယ်။ နောက်တော့ လက်ထပ်တယ် ပေါ့နော်” ၊ “ကျွန်မ အခုပဲ ဟန်နီးမွန်းကနေပြီး ပြန်ရောက်တာ နာရီပိုင်းပဲ ရှိပါသေးတယ်၊ အခုတော့ အရာအားလုံးက အလိမ် ခံလိုက်ရ သလို ပါပဲ”
အဲ့အချိန်မှ ပြန်စဉ်းစား ရတာက သူမ အမျိုးသားဟာ လက်မထပ်ခင် ချစ်ရည်လူး တာမျိုး လုပ်ဖို့ မတောင်းဆိုခဲ့ ဖူးဘူး ဆိုတာပါပဲ ။ သူ့ရဲ့လျှို့ဝှက်ချက် ပေါက်ကြားမှာ ကြောက်လို့ ဖြစ်မှာပေါ့။ ဒါကြောင့် သူမဟာ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ဆီက အကြံဉာဏ် တောင်းဖို့ အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
ကံဆိုး ချင်တော့ အသိတစ်ယောက် ကနေ တစ်ဆင့် သူမရဲ့ အမျိုးသား သိသွားခဲ့လို့ သူ့ရဲ့ လျှို့ဝှက်ချက်ကို လူသိရှင်ကြား ဖော်ထုတ်မှုနဲ့ တရားစွဲမယ် တကဲကဲ လုပ်နေတယ် လို့ ဆိုပါတယ်။
သူတို့နှစ်ဦးကြား အခြေနေတွေ တင်းမာနေပြီး ကွာရှင်းဖို့ထိပါ ဖြစ်နေကြပါပြီ။ သူမလည်း ကြံရာမရတဲ့အဆုံး ဘာကြောင့် မပြောပြရတာလဲ ဆိုပြီး သူ့ကို တိုက်ရိုက် မေးမြန်းတဲ့ အခါမှာတော့ ဒီကိစ္စကြောင့်နဲ့ မင်္ဂလာပွဲ ပျက်မှာရယ်၊ နှစ်ဖက်မိဘနဲ့ အသိုင်းအဝိုင်းကြား ပြောစရာ ဖြစ်မှာရယ် စိုးတာကြောင့်လို့ ပြန်ဖြေခဲ့ ပါတယ်။
အထက်ပါ ကိစ္စကို သိရတဲ့သူတွေ ကတော့ အမျိုးစုံသော အကြံဉာဏ်တွေ ပေးခဲ့ကြ ပါတယ်။ တစ်ဦးကတော့ “ဒါက နားလည်ပေးလို့ ရမယ် ထင်ပါတယ်။ သူက မင်းစိတ်ပျက်စေဖို့ ရည်ရွယ်တာ မဟုတ်ဘဲ ပြောစရာ ဖြစ်မှာကြောင့်သာ ဖြစ်တယ်လို့ ယူဆလို့ ရတယ်။ ဒါပေမယ့်လည်း သူဒီလိုတော့ မပြောဘဲ မနေခဲ့သင့် ဘူးနော်” လို့ ဆိုထားပါတယ် ။
နောက်တစ်ဦးကတော့ “ဒါမင်းကို လှည့်စားခဲ့ တာပဲ။ သူ့နဲ့ လမ်းခွဲသင့်တယ်။ ဘဝရဲ့ အရေးကြီးတဲ့ မင်္ဂလာပွဲမှာ မင်းကို ထောင်ချောက် ဆင်ခဲ့တာ” စသဖြင့် ပြောထားခဲ့ပါတယ် ။
ဒါကတော့ အဟုတ် အယုံလွဲတဲ့ တရုတ်စုံတွဲမှ အမျိုးသမီးရဲ့ ပဲမြစ် အဆိပ်သင့်ခဲ့တဲ့ အဖြစ်အပျက်လေးပါ
ဘဝ သင်ခန်းစာ။ ။ တခါတလေမှာ အချိန် ခဏတာနဲ့ လူတယောက်က ရိုးသားတာလား? ရိုးသားဟန်ဆောင်နေတာလား ဆိုတာ ခွဲခြားရ ခက်ပါတယ်။
တကယ့်အရေးကြုံမှ လက်တွေ့သိရတာမျိုး ဖြစ်တတ်တာမို့ အိမ်ထောင်ရေး ဆိုတာ ကံစမ်းမဲနှိုက်သလို ပါပဲလားဟု အသိဝင်ထားမှ တော်ကာ ကြမည် ဖြစ်၍ နှလုံးသွင်းကောင်းဖို့ လိုအပ်ကြောင်