အမေရိကန်ရှိ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၈ သောင်း ရရှိသွားတဲ့ နော်ဖော်အယ်ထားရဲ့ ညီမလေး
အမေရိကန်ရှိ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၈ သောင်း ရရှိသွားတဲ့ နော်ဖော်အယ်ထားရဲ့ ညီမ
Credit-We Love Cele
—————
ချစ်စရာအသွင်အပြင်လေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေ စတင်သတိထားမိခဲ့သူက တိုင်းရင်းသူလေး နော်ဖောအယ်ထားပဲဖြစ်ပါတယ်။ သူမဟာ SAI Cosmetics ကြော်ငြာနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီးတော့ လက်ရှိမှာလည်း ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးနေတဲ့အပြင် ပွဲတက်ဖိတ်ကြားမှုတွေကိုပါ ရရှိထားတာဖြစ်ပါတယ်
ချစ်စရာနော်ဖော်အယ်ထားရဲ့ ညီမလေးဖြစ်သူ နော်အယ်ထားပိုဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပညာရေးမှာ တော်လွန်းလှတဲ့ နော်အယ်ထားပိုဟာ အမေရိကန်နိုင်ငံက ကမ္ဘာ့ အဆင့်မီတက္ကသိုလ်တစ်ခုမှာ ပညာသင် Scholarship ရရှိခဲ့ပြန်ပါသေးတယ်
သူမဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ထိပ်တန်းအဆင့်ရှိတဲ့ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုမှာ ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်ဆုရရှိခဲ့တဲ့အပြင် (၄) နှစ်စာအတွက် ပညာသင်ထောက်ပံ့ကြေးငွေ ဒေါ်လာ (၈၀၀၀၀) တိတိ (မြန်မာငွေ သိန်း ၁၂၀၀ ကျော်)ကိုပါ ရရှိခဲ့တာဖြစ်ပါတယ်
ပညာရေးမှာ ထူးချွန်လှတဲ့ နော်အယ်ထားပိုအတွက် အစ်မဖြစ်သူ နော်ဖောအယ်ထားနဲ့ မိသားစုကတော့ ဂုဏ်ယူမဆုံးဖြစ်နေမှာ အသေအချာပါပဲ ဒီလိုဝမ်းမြောက်ဖွယ်ရာ ဂုဏ်ယူဖွယ်သတင်းစကားကို ပရိသတ်ကြီးသိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။။/
Credit-We Love Cele