လူဦးရေး ၁ သန်းလောက်ကို ဘေးလွတ်ရာကိုပြောင်းရွှေ့နေရာချထားလိုက်ရတဲ့ Lekima တိုင်ဖုန်းမုန်တိုင်း
ထိုင်ဝမ်ကိုဒုက္ခပေးသွားတဲ့ မုန်တိုင်း ဒီကနေ့  တရုတ်နိုင်ငံကိုတိုက်ခတ်….အောက်က link video ကြည့်ရန်>>>
UNICODE
Lekima တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဒီကနေ့မှာဝင်ရောက်ခဲ့ပြီး၊ မုန်တိုင်းကြောင်း ၁၃ ယောက်သေဆုံးပြီး ၁၆ ယောက် ပျောက်ဆုံးနေပါတယ်
ဒါ့အပြင် လူဦးရေး ၁ သန်းလောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေရာချထားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းစာက ပြောပါတယ်။
Lekima မုန်တိုင်းကြောင့် တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာရွာသွန်ပြီး ၊ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ နဲ့ ရထားခရီးစဉ် ဒါဇင်နဲ့ချီ ဖျက်ပစ်ခဲ့ရပါတယ်။ ဒါ့အပြင် ရှန်ဟိုင်းမြို့က Disneyland ကိုလည်း ပိတ်ထားလိုက်ရပါတယ်
မနေ့ သောကြာနေ့တုန်းကတော့ တရုတ်နိုင်ငံရဲ့ မိုးလေဝသနဌာနက မုန်တိုင်းကို အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး၊ ဒီကနေ့မှာတော့ တဆင့်နှိမ်ပြီး အဝါရောင့်အဆင့်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
Lekima တိုင်ဖုန်းမုန်တိုင်းဟာ အားကောင်းနေဆဲဖြစ်ပြီး၊ လေတိုက်နှုန်းဟာ တနာရီကို ၁၈၇ ကီလိုမီတာအထိ အများဆုံးရှိပါတယ်။Source_VOA