တောင်ကိုရီးယားအနုပညာရှင် ဆောလီ(Sulli)သေဆုံး… ကြိုးဆွဲချသတ်​​သေသွားခဲ့ကြောင်း သံသယရှိ..

တောင်​ကိုရီးယား ရဲ့ နာမည်​​ကြီး အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Fx ကေ့ပေါ့ပ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဆောလီကို ဒီနေ့ ကိုးရီးယားစံတော်ချိန် ညနေ ၄နာရီခွဲ အချိန်လောက်မှာ သူ့ရဲ့ နေအိမ် တိုက်ခန်းထဲ သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်​​ပြု သတင်းထုတ်ပြန်သွားခဲ့ပါတယ်

တောင်ကိုရီးယားနာမည်ကျော် ဆောလီဟာ သူ့ရဲ့ နေအိမ်တိုက်ခန်းမှာ ကြိုးဆွဲချ သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိလို့ လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်

ဆောလီဟာ ကွယ်လွန်ချိန်မှာ အသက် ၂၅ နှစ်သာ ရှိပါသေးတယ်။ အသက်​ ၂၅ နှစ်​အရွယ်​ အဆိုတော် မင်းသမီးဟာ မြန်​မာပြည်​က ​ကိုရီးယားရုပ်​ရှင်​ကြိုက်​နှစ်​သက်​သူ​နဲ့ K-POP အမာခံ ပရိသတ်​​တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းရသူ အနုပညာရှင်တစ်​ဦးဖြစ်​ပြီး ဒီသတင်းဟာ သူ့ကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်​​တွေအတွက်​​တော့ ဝမ်းနည်းဖွယ်​ရာအတိဖြစ်​ခဲ့ရပါတယ်​။

တောင်​ကိုရီးယား အနုပညာလောကအတွက်​​လည်း ​ကြေကွဲဖွယ်​ရာသတင်းဆိုးတစ်ရပ် ဖြစ်​ခဲ့ရပြီး ကမ္ဘာအနှံ့ ပရိသတ်အခိုင်အမာရှိပြီးသား တန်​ဖိုးရှိတဲ့ အနုပညာရှင်တစ်ဦး ကြွေလွင့်ခဲ့ရတာဟာ တောင်ကိုရီးယားအတွက်လည်း ကြီးမားတဲ့ဆုံးရှူံးမှုဖြစ်​ခဲ့ပါတယ်​။

ဆောလီဟာ ၂၀၁၇ ခုနှစ်မှာ ကင်ဆိုဟွန်းနဲ့ Real ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီဇာတ်ကားနဲ့လည်း အောင်မြင်စွာများစွာ ရရှိခဲ့သူပါ။ နောက်ဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့လည်း Hotel Del Luna အပိုင်း ၁၀ မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် နောက်ဆုံးပါဝင် သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၂ရက်က Instagram မှာ Video တခု တင်ခဲ့သေးတယ်လို့ သိရကာ မင်းသမီးဟာ စိတ်​ကျ​ဝေဒနာကိုခံစား​နေရတာဖြစ်​ပြီး ကုသမှုခံယူ​နေရသူဖြစ်​တယ်​လို့ သတင်းတွေအရ သိခဲ့ရပါတယ်။

သူ့ရဲ့ မန်နေဂျာ ဖြစ်သူက မနေ့ညကအထိ အဆက်အသွယ်မရလို့ သူ့ရဲ့​နေအိမ်ကို လိုက်သွားခဲ့တာပြီး ဆောလီရဲ့ ရုပ်အလောင်းကို ​နေအိမ်မှာ ရှာဖွေတွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။ ရဲတွေက ကိုယ့်ကိုယ်ကြိုးဆွဲချပြီး သေကြောင်းကြံစည်းသွားခဲ့တယ်လို့ သံသယရှိနေပြီး ဆက်လက်စစ်ဆေးလျက်ရှိနေတာပါ။

EFIL- AlinnMyay(အလင်းမြေ)

(Zawgyi)

ေတာင္ကိုရီးယားအႏုပညာရွင္ ေဆာလီ(Sulli)ေသဆုံး… ႀကိဳးဆြဲခ်သတ္​​ေသသြားခဲ့ေၾကာင္း သံသယရွိ

ေအာက္တိုဘာ(၁၄)AlinnMyay(အလင္းေျမ)

​ေတာင္​ကိုရီးယား ရဲ့ နာမည္​​ႀကီး အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ၿပီး Fx ေက့ေပါ့ပ္အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ ေဆာလီကို ဒီေန႔ ကိုးရီးယားစံေတာ္ခ်ိန္ ညေန ၄နာရီခြဲ အခ်ိန္ေလာက္မွာ သူ႔ရဲ့ ေနအိမ္ တိုက္ခန္းထဲ ေသဆုံးလ်က္သား ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က အတည္​​ျပဳ သတင္းထုတ္ျပန္သြားခဲ့ပါတယ္။

ေတာင္ကိုရီးယားနာမည္ေက်ာ္ ေဆာလီဟာ သူ႔ရဲ့ ေနအိမ္တိုက္ခန္းမွာ ႀကိဳးဆြဲခ် သတ္ေသသြားတယ္လို႔ ရဲတပ္ဖြဲ႕က သံသယရွိလို႔ လက္ရွိမွာ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္

ေဆာလီဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၂၅ ႏွစ္သာ ရွိပါေသးတယ္။ အသက္​ ၂၅ ႏွစ္​အရြယ္​ အဆိုေတာ္ မင္းသမီးဟာ ျမန္​မာျပည္​က ​ကိုရီးယား႐ုပ္​ရွင္​ႀကိဳက္​ႏွစ္​သက္​သူ​နဲ႔ K-POP အမာခံ ပရိသတ္​​ေတြရဲ့ သည္းသည္းလႈပ္အားေပးျခင္းရသူ အႏုပညာရွင္တစ္​ဦးျဖစ္​ၿပီး ဒီသတင္းဟာ သူ႔ကို ခ်စ္ခင္အားေပးေနတဲ့ ပရိသတ္​​ေတြအတြက္​​ေတာ့ ဝမ္းနည္းဖြယ္​ရာအတိျဖစ္​ခဲ့ရပါတယ္​။

ေတာင္​ကိုရီးယား အႏုပညာေလာကအတြက္​​လည္း ​ေၾကကြဲဖြယ္​ရာသတင္းဆိုးတစ္ရပ္ ျဖစ္​ခဲ့ရၿပီး ကမၻာအႏွံ့ ပရိသတ္အခိုင္အမာရွိၿပီးသား တန္​ဖိုးရွိတဲ့ အႏုပညာရွင္တစ္ဦး ေႂကြလြင့္ခဲ့ရတာဟာ ေတာင္ကိုရီးယားအတြက္လည္း ႀကီးမားတဲ့ဆုံးရႉံးမႈျဖစ္​ခဲ့ပါတယ္​။

ေဆာလီဟာ ၂၀၁၇ ခုႏွစ္မွာ ကင္ဆိုဟြန္းနဲ႔ Real ႐ုပ္ရွင္ ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး အဲ့ဒီဇာတ္ကားနဲ႔လည္း ေအာင္ျမင္စြာမ်ားစြာ ရရွိခဲ့သူပါ။ ေနာက္ဆုံး အႏုပညာလႈပ္ရွားမႈအေနနဲ႔လည္း Hotel Del Luna အပိုင္း ၁၀ မွာ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ေနာက္ဆုံးပါဝင္ သ႐ုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

သူဟာ လြန္ခဲ့တဲ့ ၂ရက္က Instagram မွာ Video တခု တင္ခဲ့ေသးတယ္လို႔ သိရကာ မင္းသမီးဟာ စိတ္​က်​ေဝဒနာကိုခံစား​ေနရတာျဖစ္​ၿပီး ကုသမႈခံယူ​ေနရသူျဖစ္​တယ္​လို႔ သတင္းေတြအရ သိခဲ့ရပါတယ္။

သူ႔ရဲ့ မန္ေနဂ်ာ ျဖစ္သူက မေန႔ညကအထိ အဆက္အသြယ္မရလို႔ သူ႔ရဲ့​ေနအိမ္ကို လိုက္သြားခဲ့တာၿပီး ေဆာလီရဲ့ ႐ုပ္အေလာင္းကို ​ေနအိမ္မွာ ရွာေဖြေတြ႕ ရွိခဲ့ရတာျဖစ္ပါတယ္။ ရဲေတြက ကိုယ့္ကိုယ္ႀကိဳးဆြဲခ်ၿပီး ေသေၾကာင္းႀကံစည္းသြားခဲ့တယ္လို႔ သံသယရွိေနၿပီး ဆက္လက္စစ္ေဆးလ်က္ရွိေနတာပါ။

EFIL- AlinnMyay(အလင္းေျမ)

Be the first to comment

Leave a Reply

Your email address will not be published.


*